Pages

Tuesday, December 11, 2012

ကန်(၂)ဆင့်ရေစင်ပြု ပြင်

                                                         ပုသိမ်မြို့ 
                                   သဒ္ဓမ္မသီတဂူ သာသနရိပ်သာ တောရကျောင်း
                              
                               ၁၁.၁၂.၂၀၁၂ တောရကျောင်းဝန်း အတွင်း လွန်ခဲ့သောနှစ်ပေါင်း(၅၀)က
တည်ဆောက်ထားရှိသော ကန်နှစ်ဆင့် ရေကန်ကြီး အား အသစ်ပြန်လည် မွန်းမံ နေစဉ် မှတ်တမ်း
                                                      


Tuesday, November 13, 2012

သီတဂူ အရှင်ပညောဘာသ (ကမ္မဋ္ဌာနာစရိယ) တိုက်အုပ်ဆရာတော် ဟောကြားတော်မူသော တရားတော်များ

သဒ္ဓမ္မသီတဂူသာသနာ့ရိပ်သာ
(၇) ကြိမ်မြောက်(၃၅)ရက်တရားစခန်းတွင် သီတဂူ အရှင်ပညောဘာသ (ကမ္မဋ္ဌာနာစရိယ) တိုက်အုပ်ဆရာတော် ဟောကြားတော်မူသော တရားတော်
ဝိပဿနာအလုပ်ပေးတရားတော်

အရှင်နာဂဝံသ (သာသနဓဇဓမ္မာစရိယ) ဟောကြားတော်မူသော တရားတော်များ

သဒ္ဓမ္မသီတဂူသာသနာ့ရိပ်သာ
(၇) ကြိမ်မြောက်(၃၅)ရက်တရားစခန်းတွင် သီတဂူ အရှင်နာဂဝံသ (သာသနဓဇဓမ္မာစရိယ) ဟောကြားတော်မူသော တရားတော်များ
(၇)ကြိမ်မြောက်(၃၅)ရက်စခန်း (၁၉-၉-၂၀၁၂) တရားတော်
(၇)ကြိမ်မြောက်(၃၅)ရက်စခန်း (၂၀-၉-၂၀၁၂) တရားတော်
(၇)ကြိမ်မြောက်(၃၅)ရက်စခန်း (၂၃-၉-၂၀၁၂) တရားတော်
(၇)ကြိမ်မြောက်(၃၅)ရက်စခန်း (၂၄-၉-၂၀၁၂) တရားတော်
(၇)ကြိမ်မြောက်(၃၅)ရက်စခန်း (၂၇-၉-၂၀၁၂) တရားတော်
(၇)ကြိမ်မြောက်(၃၅)ရက်စခန်း (၂၈-၉-၂၀၁၂) တရားတော်

Thursday, September 27, 2012

(၇)ကြိမ်မြောက်(၃၅)ရက်စခန်း

သဒ္ဓမ္မသီတဂူသာသနာ့ရိပ်သာ
  (၇) ကြိမ်မြောက်(၃၅)ရက်တရားစခန်းဖွင့်ပွဲ
၁၇-၉-၂၀၁၂ မှ၂၁-၁၀-၂၀၁၂ နေ့အထိ
တရားစခန်းဝင်ယောဂီ ဦးရေ ၃၀ ကျော် တရားဝင်ရောက် အားထုတ်ကြသည်။

နေ့စဉ် နေ့လည် ၂ နာရီအချိန်တွင် အလုပ်ပေးတရားတော်များနာယူကြသည်။

Monday, September 17, 2012

ဆွမ်းသိမ်းပွဲနှင့် အကြိမ်(၆၀) တရားစခန်းအောင်ပွဲ

ပုသိမ်မြို့သဓ္ဓမ္မသီတဂူ သာသနရိပ်သာ တောရကျောင်း

မဟာစည်ကမ္မဌန်းဌာန
(၆၀) ကြိမ်မြောက် (၁၀) ရက်တရားစခန်း အောင်ပွဲ
ဆွမ်းသိမ်းပွဲ အခန်းအနား ၁၃၇၄ ခုဝါခေါင်လပြည့်ကျော် (၆) ရက်   ၂၀၁၂ ခုနှစ် စက်တင်ဘာ (၇) ရက်နေ့ (သောကြာနေ့ )

ရဟန်း၊ သာမဏေ၊ သီလရှင်၊ လူယောဂီ (၁၀၀) ကျော်တို့ တရားဘာဝနာ ရှုမှတ်ပွားများကြသည်
  • တရားစခန်းတာဝန်ခံ
    • အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မဟာစည်နာယက ပုသိမ်ဆရာတော်
  • တရားစခန်းကြီးကြပ်ရေး
    • သီတဂူ အရှင်ပညောဘာသ (ကမ္မဋ္ဌာနာစရိယ) တိုက်အုပ်ဆရာတော်။
    • သီတဂူ အရှင်နာဂဝံသ (သာသနဓဇဓမ္မာစရိယ)
  • နေ့တရားပွဲ
    • သီတဂူ အရှင်ပညောဘာသ (ကမ္မဋ္ဌာနာစရိယ) တိုက်အုပ်ဆရာတော်
    • သီတဂူ အရှင်နာဂဝံသ (သာသနဓဇဓမ္မာစရိယ)
    • ကျွန်းတောကျောင်းဆရာတော် အသုတ်မြို့
  • တရားစခန်းထောက်ပံ့ရေး
    • အနုဂ္ဂဟအဖွဲ့
    • ယောဂီစောင့်ရှောက်ရေးအဖွဲ့
    • ဆွမ်း+အချိုပွဲအလှူရှင်များ။ ဝေယျာဝစ္စအဖွဲ့

Saturday, September 8, 2012

တရားစခန်းဖွင့်ပွဲ အခမ်းအနား

သဒ္ဓမ္မသီတဂူသာသနရိပ်သာ အကြိမ် (၆၀)မြောက် (၁၀)ရက် တရားစခန်းဖွင့်ပွဲ အခမ်းအနားကို (၆.၉.၂၀၁၂)(၁၃၇၄ခု ၀ါခေါင်လဆုတ် ၅ ရက်) ညနေ ၆နာရီ အချိန်တွင် စတင်ဖွင့်လှစ်ခဲ့...

Monday, August 20, 2012

ပုသိမ်မြို့ သဒ္ဓမ္မသီတဂူသာသနာ့ရိပ်သာ တောရကျောင်းတိုက် သမိုင်းအကျဉ်းချုပ်

သဒ္ဓမ္မသီတဂူသာသနာ့ရိပ်သာတောရကျောင်းတိုက် အဝင်မုခ်ဦး
ကျောင်းတိုက်တည်နေရာ ။    ။ ပုသိမ်မြို့၊ အမှတ် (၃) နယ်မြေ၊ တောရကျောင်းလမ်း။
၁၂၃၈-ခု (၁၈၇၆) ခုနှစ်ခန့်က မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားသော ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ စာရင်းဝင် ဆရာတော်ကြီး ဦးသုမနာစာရ (ယခု မိဂဒါဝုန်ကျောင်းတိုက်အတွင်းရှိ မပုပ်မသိုးရဟန္တာ ရုပ်တုတော်) သည် ပုသိမ်မြို့သို့ ကြွရောက်တော်မူပြီး စတင်တောရဆောက်တည် သီတင်းသုံးတော်မူခဲ့ရာ ကျောင်းသင်္ခမ်းဖြစ်သည်။
ဆရာတော်ကြီး သီတင်းမသုံးမီ ရှေးကပင်တောရဆောက်တည် မထေရ်များသီတင်းသုံးခဲ့ရာ တောရကျောင်းသင်္ခမ်းဖြစ်ခဲ့သည်။
မထင်ရှားသော ရာဇ၀င်မှတ်တမ်းတစ်ခုအရ ဤတောရကျောင်းနေရာတွင် ရှေးအခါက ဆရာတော်တစ်ပါးအား မိဖုရားစောနန္ဒာ ဆောက်လုပ်လှူဒါန်းခဲ့သော ပြာသာဒ်ကျောင်းကြီး တစ်ဆောင်ရှိခဲ့ကြောင်း၊ နှစ်ပေါင်းများစွာကြသဖြင့် တောအုပ်များဖုန်းလွှမ်းပြီး တောမီးသင့်သဖြင့်  ပျက်စီးခဲ့ကြောင်း၊  ဆရာတော်ကြီး ဦးသုမနာစာရ သီတင်းသုံးချိန်တွင် မီးလောင်တိုင်ငုတ်များပင် တွေ့ရသေးကြောင်း ပြောစမှတ်ရှိခဲ့သည်။