Pages

Showing posts with label သမိုင်းအကျဉ်းချုပ်. Show all posts
Showing posts with label သမိုင်းအကျဉ်းချုပ်. Show all posts

Monday, August 20, 2012

ပုသိမ်မြို့ သဒ္ဓမ္မသီတဂူသာသနာ့ရိပ်သာ တောရကျောင်းတိုက် သမိုင်းအကျဉ်းချုပ်

သဒ္ဓမ္မသီတဂူသာသနာ့ရိပ်သာတောရကျောင်းတိုက် အဝင်မုခ်ဦး
ကျောင်းတိုက်တည်နေရာ ။    ။ ပုသိမ်မြို့၊ အမှတ် (၃) နယ်မြေ၊ တောရကျောင်းလမ်း။
၁၂၃၈-ခု (၁၈၇၆) ခုနှစ်ခန့်က မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားသော ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ စာရင်းဝင် ဆရာတော်ကြီး ဦးသုမနာစာရ (ယခု မိဂဒါဝုန်ကျောင်းတိုက်အတွင်းရှိ မပုပ်မသိုးရဟန္တာ ရုပ်တုတော်) သည် ပုသိမ်မြို့သို့ ကြွရောက်တော်မူပြီး စတင်တောရဆောက်တည် သီတင်းသုံးတော်မူခဲ့ရာ ကျောင်းသင်္ခမ်းဖြစ်သည်။
ဆရာတော်ကြီး သီတင်းမသုံးမီ ရှေးကပင်တောရဆောက်တည် မထေရ်များသီတင်းသုံးခဲ့ရာ တောရကျောင်းသင်္ခမ်းဖြစ်ခဲ့သည်။
မထင်ရှားသော ရာဇ၀င်မှတ်တမ်းတစ်ခုအရ ဤတောရကျောင်းနေရာတွင် ရှေးအခါက ဆရာတော်တစ်ပါးအား မိဖုရားစောနန္ဒာ ဆောက်လုပ်လှူဒါန်းခဲ့သော ပြာသာဒ်ကျောင်းကြီး တစ်ဆောင်ရှိခဲ့ကြောင်း၊ နှစ်ပေါင်းများစွာကြသဖြင့် တောအုပ်များဖုန်းလွှမ်းပြီး တောမီးသင့်သဖြင့်  ပျက်စီးခဲ့ကြောင်း၊  ဆရာတော်ကြီး ဦးသုမနာစာရ သီတင်းသုံးချိန်တွင် မီးလောင်တိုင်ငုတ်များပင် တွေ့ရသေးကြောင်း ပြောစမှတ်ရှိခဲ့သည်။